ဒီဖိုရမ်လေးကို ဒီနေ့ပဲ စလုပ်ထားတာပါ .... ရည်ရွယ်ချက်ကတော့ ကျွန်တော့သူငယ်ချင်းတွေနဲ့အတူ တစ်နေရာတည်းမှာပဲ .. ပြောရမယ်ဆို တစ်အိမ်တည်းမှာ နေရသလို ဖြစ်ချင်လို့ပါ .... တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီးနဲ့ အခက်အခဲတွေကို အတူတူ ကူညီဖြေရှင်းကြရအောင် ....
တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးကြမယ် .. ပျော်ပျော်ရွှင်ရွှင် စနောက်ပြီး ဒီ online ပေါ်မှာ အိမ်လေးတစ်ခု ဖန်တီးကြရအောင်ပါ ...
သူငယ်ချင်းတွေကြီးပဲ နေတဲ့ အိမ်လေးပေါ့ ..... တစ်ခုပါပဲ .. အလကားရတဲ့ ဆိုဒ်ကနေ ဒိုမိန်းယူပြီး လုပ်ထားတာဆိုတော့ ကြာရှည်အတွက် စိုးရိမ်ရတာပေါ့ ..
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတို့ရေ ရခဲလှတဲ့ ဒီအချိန်လေးမှာတော့ ပျော်ပျော်ရွှင်ရွှင်နေရအောင်ပါ ....
အားလုံးကိုကျေးဇူးတင်တယ်နော် .....
Admin
လိုတရ